ပြည်ပခရီးသွား အဝင်များစေဖို့ ဈေးနှုန်းတွေလျှော့ဖို့ပြင်

  • 7 years ago
မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တင်လာစေဖို့ အတွက် ခရီးသွားနဲ့ သက်ဆိုင်တဲ့ ဈေးနှုန်းတွေကိုလျော့ကျသွားအောင် ညှိနှိုင်း အဖြေရှာသွားမယ်လို့ မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်မှ သိရပါတယ်။ ပြည်ပ ခရီးသွား ၀င်ရောက်မှု မြင့်တက်လာဖို့ဆိုရင် လေယာဉ်ခ ဈေးနှုန်းတွေ၊ ဟိုတယ်ခ ဈေးနှုန်းတွေနဲ့ အစားအသောက်ဈေးနှုန်းတွေ လျော့ကျသွားဖို့ လိုအပ်တဲ့အတွက် မကြာခင်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် အဖွဲ့အစည်းတွေ တွေ့ဆုံ ညှိနှိုင်း အဖြေရှာသွားမှာဖြစ်ပါတယ်။ နောက်ပြီး ခရီးသွား ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ဒုတိယ သမ္မတ ဦးစီးတဲ့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဗဟို ကော်မတီကိုလဲ အစိုးရဘက်က ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့လည် သိရပါတယ်။
ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Recommended