Hollyweed ဖြစ်သွားရရှာတဲ့ Hollywood

  • 7 years ago
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က ကမ္ဘာကျော် Hollywood စာသား ဆိုင်းဘုတ်ကြီးဟာ လက်ဆော့သူ တချို့ကြောင့် Hollyweed ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၇ ရဲ့ ပထမဆုံး မနက်ခင်းမှာ နိုးထလာတဲ့ ကယ်လီဖိုးနီးယား ဒေသခံတွေဟာ ပြည်နယ်ရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ခုလို့ တင်စားနိုင်တဲ့ စာတန်းကြီးမှာ အပြောင်းအလဲ ဖြစ်နေတာကို သတိပြုမိသွားခဲ့ပါတယ်။ Weedဆိုတာဟာ ဆေးခြောက်ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ အရွယ်ရောက်ပြီးသူတွေကို တရားဝင် ဆေးခြောက် ဝယ်ယူခွင့်ပေးဖို့ မဲပေး အတည်ပြုခဲ့ပြီး နှစ်လအကြာမှာ တစ်ယောက်ယောက်က အခုလို ရည်ရွယ်ချက်ရှိရှိ နောက်ပြောင်သွားတာ ဖြစ်ပါတယ်။ Hollywoodကို Hollyweedဆိုတဲ့ စာသားဖြစ်အောင် အပြောင်းခံရတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားမှာ ဆေးခြောက်သုံးတာကို ရာဇဝတ်မှု စာရင်းကနေ ပယ်ဖျက်ခဲ့တုန်းကလည်း အခုလိုပဲ တစ်ကြိမ် နောက်ပြောင်ခံခဲ့ရဖူးကြောင်း သိရပါတယ်။

Recommended