ဆီးဂိမ်းအကြို ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်မယ့် ယူ-၂၁ အသင်း ဗီယက်နမ် သွားပြီ

  • 7 years ago
ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာ အသင်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားပါတယ်။ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းမှာ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမား စုစုပေါင်း ၂၉ ဦး လိုက်ပါသွားပါတယ်။ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်းက အုပ်စု (က )မှာ ဗီယက်နမ် သန်နိုင်း ယူ-၂၁ အသင်း၊ ဂျပန်ကလပ် ယိုကိုဟားမား-၂၁ အသင်းတို့နဲ့ အတူကျရောက်နေပါတယ်။ ဒီအသင်းကို ၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ ငွေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တဲ့ နည်းပြချုပ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကစားသမားတွေ အတွေ့အကြုံ ရရှိဖို့ အပြင် ဗိုလ်စွဲနိုင်ဖို့ အတွက်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဦးကြည်လွင်က ပြောပါတယ်။
ရုပ်သံသတင်းထောက်- ဘိုဘိုမင်း

Recommended