စွန့်ဦးတီထွင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်မယ်

  • 7 years ago
မြန်မာနိုင်ငံ အနေနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို တိုင်းနဲ့ပြည်နယ် (၁၄)ခုမှာ စီးပွားရေးစွန့်ဦး တီထွင်မှု၊ လူမှု စွန့်ဦးတီထွင်မှု စတာတွေကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ့လှုပ်ရှားမှု အစီအစဉ်တွေထဲက တစ်ခုအဖြစ် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ နိုဝင်ဘာ(၁၄)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီ့လှုပ်ရှားမှုမှာ စွန့်ဦးတီထွင်သူများရဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းများ ပြသမှုတွေ၊ စွန့်ဦးတီထွင်ပြီး အောင်မြင်မှု ရရှိလာတဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ရှင်းပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း (၁၆၅)နိုင်ငံမှာ စွန့်ဦးတီထွင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ကလည်း စွန့်ဦးတီထွင်မှုဆိုင်ရာ ရက်သတ္တပတ်အဖြစ် နိုဝင်ဘာ(၁၄)ကနေ(၂၀)ရက်နေ့ အထိပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်