HYPER SPORTS (08 November, 2013)

  • 7 years ago
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် အပတ်စဉ် သောကြာနေ့နှင့် စနေနေ့များတွင် တနေ့သုံးကြိမ်စီ ထုတ်လွှင့်ပြသပေးနေသည့် အစီအစဉ်ဖြစ်ပါသည်။

ဒီတစ်ပတ်တင်ပြပေးမယ့်သတင်းတွေကတော့မြန်မာနေရှင်နယ်လိဂ်ရာသီသစ်ပြန်စဖို့အချိန်သုံးလလောက်လိုတဲ့အချိန်မှာ ချန်ပီယံဆုအတွက်ရည်ရွယ် ပြီးပြင်ဆင်လေ့ကျင့်မှုတွေစလုပ်နေပြီဖြစ်တဲ့ ဧရာဝတီယူနိုက်အသင်း၊ဆီးဂိမ်းမှာအိမ်ရှင်ဖြစ်လို့ အားသာချက်တွေရှိနေတယ်လို့ သုံးသပ်ခဲ့ကြတဲ့မြန်မာ့လက်ရွေးစင်ရွက်လှေ အသင်းတာဝန်ရှိသူတွေရဲ့ရင်တွင်းစကားသံတွေ၊ ကမ္ဘာ့ချန်ပီယံတွေဝင်ပြိုင်မယ့်ဆီးဂိမ်းကာယဗလပြိုင်ပွဲမှာ အနည်းဆုံးရွှေတံဆိပ်နှစ်ခုရ ယူမယ်လို့ကြုံးဝါးခဲ့တဲ့မြန်မာ့ကာယဗလမောင်တွေ စတဲ့သတင်းတွေအပြင်ပုံမှန် တင်ဆက်ပေးနေကျနိုင်ငံတကာအားကစားသတင်းတိုတွေကိုလည်းတင်ဆက်ပေးထားပါတယ်။

အခါတိုင်း တင်ဆက်ပေးနေကျ အလှဆုံးပွဲ သုံးသပ်ချက်ကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

ယခုအစီအစဉ်ကို MRTV နှင့် Mizzima Media တို့က ပူးပေါင်းထုတ်လုပ်ပါသည်။