ရန်ကုန်ဘူတာကြီးဧရိယာအတွင်း စက်ရုံ၊အလုပ်ရုံနှင့် အဆောက်အဦးတစ်ချို့ ပြောင်းရွှေ့သွားရဖို့ရှိနေ

  • 7 years ago
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် ဧရိယာအတွင်းမှာရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အဆောက်အအုံတချို့ကို ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းတွေအကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းပေါင်း ၂၈ ခုကို တင်ဒါခေါ်ယူခဲ့ပြီး အဲဒီထဲက ကုမ္ပဏီ ၃ ခုဟာ တင်ဒါအဆိုပြုလွှာတင်သွင်းထားပြီဖြစ်ပါတယ်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ရန်ကုန်ဘူတာကြီးကို မူလအတိုင်းထားရှိသွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ မီးရထားပိုင်မြေ ဧကပေါင်း ၆၀ ကျော်ရဲ့အပေါ်မှာ အဆင့်မြင့်အဆောက်အအုံတွေ၊ လူနေအထပ်မြင့်အဆောက်အအုံတွေ၊ ဟိုတယ်တွေနဲ့ ဈေးဝယ်စင်တာတွေ တည်ဆောက်သွားမှာဖြစ်ပါတယ်။

Recommended