What needs to changes to improve our country in next 20 years?

  • 7 years ago
မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ

ကျွန်မတို့ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ ရှေ့ကို အရှိန်ပြင်းပြင်း ချီတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုလက်ခံထားပါတယ်။

မကြာသေးခင် အချိန်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နောင် အနှစ် နှစ်ဆယ်နေရင် မြန်မာနိုင်ငံက စင်ကာပူကို ကျော်တက်သွားစေရမယ်လို့ ပြောခဲ့တာတွေ ရှိတယ်ဆိုတော့ ကျွန်မတို့တွေ ဒီအတွက် အပြောင်းအလဲတွေများစွာ လိုအပ်ပါတယ်။

ဒီတော့ ကျွန်မတို့ မြန်မာနိုင်ငံက နောင်အနှစ် နှစ်ဆယ်နေရင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ဘာတွေ ပြောင်းလဲရမလဲဆိုတဲ့ လူငယ်တွေရဲ့ အမြင်ကို လိုက်လံမေးမြန်းထားပါတယ်..
Brave Voice ဆိုတာ လူငယ်တွေရဲ့ အသံကို တိုက်ရိုက်တင်ဆက်ပေးနေတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်..

လူငယ်တွေကနေ Yope brave Voice မေးခွန်းတွေအတွက် ဘယ်လိုမျိုး ရဲရင့်တဲ့ အဖြေတွေ ပေးသွားတယ်ဆိုတာကို http://yope.mizzima.com/category/brave-voices/ မှာ ကြည့်ရှုနိုင်ပါတယ်

Recommended