ေရွ႕ေန ဦးကိုနီ လုပ္ႀကံသူမ်ား ရံုးထုတ္

  • 7 years ago
ZawGyi -
ေ႐ွ႕ေနဦးကိုနီ လုပ္ႀကံမႈႏွင့္ ပတ္သက္၍ လုပ္ႀကံသူ ၾကည္လင္းႏွင့္ ပါဝင္ပတ္သက္သူ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းေဇာ္ႏွင့္ ေအာင္ဝင္းထြန္း တို႔ကို ရန္ကုန္ေျမာက္ပိုင္းခ႐ုိင္တရား႐ံုး၌ ယေန႔(မတ္လ ၁၇)ရက္ေန႔တြင္ ခံု႐ုံးဖြဲ႔ စစ္ေဆးခဲ့သည္။
စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ အဓိက တရားခံေျပးအျဖစ္သတ္မွတ္ထားသည့္ ေအာင္ဝင္းခိုင္မွာ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ တရား႐ုံးခ႐ုိင္အမႈအမွတ္ ၂ဝ/၁၇ ၊ တရားခံေျပး ဥပေဒပုဒ္မ - ၅၁၂ ျဖင့္ ေအာင္ဝင္းခိုင္အတြက္ စစ္ေဆးခဲ့ၿပီး ေအာင္ဝင္းေဇာ္ႏွင့္ ေဇယ်ာၿဖိဳးတို႔မွာ ေရွ႕ေနလိုက္ပါေဆာင္ရြက္ခြင့္ တင္ခဲ့သည္။
ၾကည္လင္းႏွင့္ ေအာင္ဝင္းထြန္းတို႔အတြက္ လိုက္ပါေဆာင္ရြက္မည့္ ေရွ႕ေနမရရွိေသးသည့္အတြက္ လာမည့္ ႐ုံးခ်ိန္းတြင္ ထပ္မံတင္ျပရမည္ျဖစ္ေၾကာင္းသိရသည္။

သတင္းအျပည့္အစံုဖတ္ရႈရန္- http://www.mizzimaburmese.com/article/24836

Unicode -
ရှေ့နေဦးကိုနီ လုပ်ကြံမှုနှင့် ပတ်သက်၍ လုပ်ကြံသူ ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်း တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့(မတ်လ ၁၇)ရက်နေ့တွင် ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။
စစ်ဆေးမှုများပြုလုပ်ရာတွင် အဓိက တရားခံပြေးအဖြစ်သတ်မှတ်ထားသည့် အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် တရားရုံးခရိုင်အမှုအမှတ် ၂ဝ/၁၇ ၊ တရားခံပြေး ဥပဒေပုဒ်မ - ၅၁၂ ဖြင့် အောင်ဝင်းခိုင်အတွက် စစ်ဆေးခဲ့ပြီး အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့မှာ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် တင်ခဲ့သည်။
ကြည်လင်းနှင့် အောင်ဝင်းထွန်းတို့အတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရရှိသေးသည့်အတွက် လာမည့် ရုံးချိန်းတွင် ထပ်မံတင်ပြရမည်ဖြစ်ကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရှုရန်- http://www.mizzimaburmese.com/article/24836

Recommended