စစ္အစိုးရလက္ထက္က သိမ္းဆည္းထားတဲ့ လယ္ယာေျမမ်ား ျပန္လည္ရရွိေရး ဆႏၵေဖာ္ထုတ္

  • 7 years ago
ZawGyi-
စစ္အစိုးရလက္ထက္က သိမ္းဆည္းထားသည့္ လယ္ယာေျမမ်ားကို ျပန္လည္ရရွိေရးအတြက္ ဆရာေတာ္ဦးပါေမာကၡ ဦးေဆာင္ၿပီး ဆႏၵေဖာ္ထုတ္ပြဲ တစ္ခုကို မတ္လ ၂၇ ရက္ေန႔တြင္ မဟာဗႏၶဳလပန္းၿခံေရွ႕၌ ျပဳလုပ္ခဲ႔သည္။

ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ရွိ လယ္ေျမမ်ားကို ျပန္လည္ရရွိရန္ ေတာင္းဆိုခဲ့ၾကၿပီး ဆရာေတာ္ဦးပါေမာကၡကို ပါဝင္ကူညီေပးရန္ ေတာင္းဆုိထားေသာေၾကာင့္ ဆရာေတာ္လာေရာက္ျခင္း ျဖစ္ေၾကာင္း ဆႏၵေဖာ္ထုတ္ရာတြင္ ပါဝင္သည့္ လယ္သမားတစ္ဦးက ေျပာသည္။

"၂၀၁၂ လယ္ယာေျမဥပေဒနဲ႔ အညီ လယ္ယာေျမျပန္လည္ရရွိေရးအတြက္ ဘုန္းႀကီးတို႔က ေတာင္းဆိုသြားမယ္" ဟု ဆရာေတာ္ ဦးပါေမာကၡက မိန္႔သည္။

လယ္ယာေျမမ်ားကို ျပန္လည္ရရွိရန္ ယခင္အစိုးရမ်ား လက္ထက္က အႀကိမ္ႀကိမ္တိုင္ၾကားစာတင္ျခင္းမ်ား ျပဳလုပ္ခဲ႔ေသာ္လည္း လုပ္ေဆာင္ေပးျခင္း မရွိသည့္အတြက္ ယခုအစိုးရကို အားကိုးသည့္အေနျဖင့္ ေတာင္းဆိုျခင္း ျဖစ္ေၾကာင္း လယ္သမားတစ္ဦးက ဆိုသည္။

"ဒီအစိုးရ တက္လာတဲ႔ အေပၚမွာေတာ့ အစ္ကုိတို႔က ဒါေတြနဲ႔ ပတ္သတ္လို႔ ထုတ္ေဖာ္ခ်င္တယ္၊ ေျပာျပခ်င္တယ္။ သက္ဆိုင္ရာလူႀကီးေတြကို သိေစခ်င္တယ္။ အတတ္ႏိုင္ဆံုး ႏိုင္ငံေတာ္အစိုးရမွာလည္း အေရးႀကီးတဲ့ ပလန္ေတြ ရွိတယ္ဆုိတာ အစ္ကုိတုိ႔ နားလည္တယ္။ ဒါေပမဲ့ အဲ့ဒီထဲမွာလည္း လယ္သမားေတြဘက္ကို ငဲ့ၾကည့္ေစခ်င္တယ္၊ ဦးစားေပးေစခ်င္တယ္" ဟု လယ္သမား ဦးေက်ာ္ခိုင္က ေျပာသည္။

ဆႏၵျပေတာင္းဆိုရာတြင္ ဆႏၵျပသူ တစ္ရာခန္႔က မဟာဗႏၶဳလပန္းၿခံကို တစ္ပတ္ပတ္ၿပီး လယ္ယာေျမ ျပန္လည္ရရွိေရး ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ ေၾကြးေၾကာ္ခဲ့ၾကသည္။ ဒဂံုတကၠသိုလ္ အနီးတဝိုက္မွ လယ္ေျမမ်ား အပါအဝင္ လယ္ဧကေပါင္း (၂၃၆၉.၀၅) သည္ သိမ္းဆည္းခံလယ္ေျမမ်ားတြင္ ပါဝင္ေနသည္။

Unicode-
စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် ဆရာတော်ဦးပါမောက္ခ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို မတ်လ ၂၇ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ လယ်မြေများကို ပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြပြီး ဆရာတော်ဦးပါမောက္ခကို ပါဝင်ကူညီပေးရန် တောင်းဆိုထားသောကြောင့် ဆရာတော်လာရောက်ခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် လယ်သမားတစ်ဦးက ပြောသည်။

"၂၀၁၂ လယ်ယာမြေဥပဒေနဲ့ အညီ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဘုန်းကြီးတို့က တောင်းဆိုသွားမယ်" ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။

လယ်ယာမြေများကို ပြန်လည်ရရှိရန် ယခင်အစိုးရများ လက်ထက်က အကြိမ်ကြိမ်တိုင်ကြားစာတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် ယခုအစိုးရကို အားကိုးသည့်အနေဖြင့် တောင်းဆိုခြင်း ဖြစ်ကြောင်း လယ်သမားတစ်ဦးက ဆိုသည်။

"ဒီအစိုးရ တက်လာတဲ့ အပေါ်မှာတော့ အစ်ကိုတို့က ဒါတွေနဲ့ ပတ်သတ်လို့ ထုတ်ဖော်ချင်တယ်၊ ပြောပြချင်တယ်။ သက်ဆိုင်ရာလူကြီးတွေကို သိစေချင်တယ်။ အတတ်နိုင်ဆုံး နိုင်ငံတော်အစိုးရမှာလည်း အရေးကြီးတဲ့ ပလန်တွေ ရှိတယ်ဆိုတာ အစ်ကိုတို့ နားလည်တယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာလည်း လယ်သမားတွေဘက်ကို ငဲ့ကြည့်စေချင်တယ်၊ ဦးစားပေးစေချင်တယ်" ဟု လယ်သမား ဦးကျော်ခိုင်က ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ဆန္ဒပြသူ တစ်ရာခန့်က မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်ပြီး လယ်ယာမြေ ပြန်လည်ရရှိရေး ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။ ဒဂုံတက္ကသိုလ် အနီးတဝိုက်မှ လယ်မြေများ အပါအဝင် လယ်ဧကပေါင်း (၂၃၆၉.၀၅) သည် သိမ်းဆည်းခံလယ်မြေများတွင် ပါဝင်နေသည်။