ကော်ဖီပြည်ပတင်ပို့မှု တိုးတက်လာသော်လည်း စဉ်ဆက်မပြတ်တိုးတက်မှုမဖြစ်မှာ စိုးရိမ်မှုရှိ

  • 7 years ago
မြန်မာနိုင်ငံကော်ဖီအသင်းအနေနှင့် ပြည်တွင်းထွက်ကော်ဖီအမျိုးအစားဖြစ်သည့် အာရေဘီးကားကော်ဖီစေ့အစိမ်းများကို ဥရောပဈေးကွက်ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံများသို့ မေလဆန်းတွင် တင်ပို့ရန် စီစဉ်နေသည်ဟု အသင်း၏ ဥက္ကဌဖြစ်သူ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ ကော်ဖီပြည်ပတင်ပို့အနေနှင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ တစ်စတစ်စ ဈေးကွက် တိုးချဲ့လာနိုင်ခဲ့ပြီး ရေရှည်တည်မြဲသည့် ဈေးကွက်တိုးတက်မှုများဖြစ်လာရန် ကြိုတင်စဉ်းစားပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ ဦးရဲမြင့်က သူ၏ ပူပန်မှုကို ပြောပြလာသည်။

ထိုကြောင့် မေလမှာ ပြုလုပ်ရန်ရှိသည့် မြန်မာ့ကော်ဖီဈေးကွက်ဖွံ့ဖြိုးမှုအထောက်အကူပြု ဆွေးနွေးပွဲတွင် စဉ်ဆက်မပြတ် တိုးတက်နေသော ကော်ဖီဈေးကွက်ဖြစ်ရန် ဆွေးနွေးသွားမည်ဟုလည်း ဦးရဲမြင့်က ဆိုသည်။

Recommended