မီဒီယာလြတ္လပ္ခြင့္အတြက္ လမ္းေလွ်ာက္ လႈပ္ရွားမႈ ျပဳလုပ္မည္

  • 7 years ago
ZawGyi -

မီဒီယာလြတ္လပ္ခြင့္ကို ေတာင္းဆိုတဲ႔အေနနဲ႔ ဒီလ ဇြန္၈ရက္ေန႔မွာ သတင္းေထာက္ေတြစုၿပီး ဗဟန္းတရား႐ုံးကေန တာေမြကိုလမ္းေလွ်ာက္တဲ႔ လႈပ္ရွားမႈတစ္ခုျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီလိုမီဒီယာလႊတ္လပ္ခြင့္အတြက္ ေတာင္းဆိုလႈပ္ရွားရာမွာ အစိုးရ တပ္မေတာ္နဲ႔ လႊတ္ေတာ္ကို ေတာင္းဆိုသြားမွာ ျဖစ္တယ္လို႔ ဒီေန႔ ဇြန္၆ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ Orchid Hotel မွာျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ႔တာျဖစ္ပါတယ္။
မီဒီယာလႊတ္လပ္ခြင့္အတြက္ လႈပ္ရွားမႈျပဳလုပ္မယ္႔ ဦးေဆာင္ေကာ္မတီကို ဒီေန႔ ဇြန္၆ရက္ေန႔မွာပဲ သတင္းဌာနအသီးသီးက ေဆြးေႏြးတိုင္ပင္ၿပီး သတင္းေထာက္ ၂၁ဦးနဲ႔ ဖြဲ႔စည္းခဲ႔တာပါ။
ဆက္သြယ္ေရးဥပေဒ ၆၆ယနဲ႔ စြဲဆိုထားတဲ႔ အမႈေတြ ရင္ဆိုင္ေနရတဲ႔ အမႈေတြကို ခ်က္ခ်င္းရပ္ဆုိင္းေပးဖို႔ သတင္းမီဒီယာလႊတ္လပ္ခြင့္ကိုထိခိုက္ေနတဲ႔ ၆၆ယ အပါဝင္ တျခားေသာ မတရားတဲ႔ဥပေဒေတြကို ျဖတ္သိမ္းေပးဖို႔တို႔ကို ေတာင္းဆိုသြားမွာ ျဖစ္တယ္လို႔ ဦးေဆာင္ေကာ္မတီဝင္ သတင္းေထာက္ ကုိသာလြန္ေဇာင္းထက္က ေျပာပါတယ္။

Unicode -

မီဒီယာလွတ်လပ်ခွင့်ကို တောင်းဆိုတဲ့အနေနဲ့ ဒီလ ဇွန်၈ရက်နေ့မှာ သတင်းထောက်တွေစုပြီး ဗဟန်းတရားရုံးကနေ တာမွေကိုလမ်းလျှောက်တဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမီဒီယာလွှတ်လပ်ခွင့်အတွက် တောင်းဆိုလှုပ်ရှားရာမှာ အစိုးရ တပ်မတော်နဲ့ လွှတ်တော်ကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဒီနေ့ ဇွန်၆ရက်နေ့မှာ ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
မီဒီယာလွှတ်လပ်ခွင့်အတွက် လှုပ်ရှားမှုပြုလုပ်မယ့် ဦးဆောင်ကော်မတီကို ဒီနေ့ ဇွန်၆ရက်နေ့မှာပဲ သတင်းဌာနအသီးသီးက ဆွေးနွေးတိုင်ပင်ပြီး သတင်းထောက် ၂၁ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
ဆက်သွယ်ရေးဥပဒေ ၆၆ယနဲ့ စွဲဆိုထားတဲ့ အမှုတွေ ရင်ဆိုင်နေရတဲ့ အမှုတွေကို ချက်ချင်းရပ်ဆိုင်းပေးဖို့ သတင်းမီဒီယာလွှတ်လပ်ခွင့်ကိုထိခိုက်နေတဲ့ ၆၆ယ အပါဝင် တခြားသော မတရားတဲ့ဥပဒေတွေကို ဖြတ်သိမ်းပေးဖို့တို့ကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဦးဆောင်ကော်မတီဝင် သတင်းထောက် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

Recommended