DVB - သရုပ်ဆောင် မိုးအောင်ရင် ၄ကြိမ်မြောက် ရုံးထုတ်ပေမယ့် စစ်ဆေးမှု မပြုလုပ်သေး

  • 8 years ago
သရုပ်ဆောင် မိုးအောင်ရင် ရဲ့ (၄) ကြိမ်မြောက်ရုံးချိန်းအဖြစ် အောက်တိုဘာလ (၃) ရက်နေ့က ပုဇွန်ထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်လည်း တရားရုံးစစ်ဆေးမှုတော့ မပြုလုပ်သေးဘူးလို့ ပုဇွန်တောင်မြို့နယ်တရားသူကြီး ဦးမြင့်ကျော် က ပြောပါတယ်။ မိုးအောင်ရင်နဲ့အတူ ဆက်စပ်တရားခံက မဖမ်းမိသေးတဲ့အတွက် တရားရုံးစစ်ဆေးမပြုလုပ်သေးတာဖြစ်ပြီး မိုးအောင်ရင်အနေနဲ့ မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ဆေးဝါးဆိုင်ရာပုဒ်မ (၁၅) (၁၆/ဂ) နဲ့အတူ အမှု (၂) မှု နဲ့ ပုဇွန်ထောင်တရားရုံး တရားရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
DVB TV - 03.10.2016

Recommended