DVB - နေ့စဉ် မိုးလေ၀သ ခန့်မှန်းချက်

  • 8 years ago
နေ့စဉ် မိုးလေ၀သ ခန့်မှန်းချက်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့်ကနေ အားကောင်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေအားအသင့်အတင့်ရှိပါတယ်။ မြန်မာ့ ကမ်းရိုးတန်းနဲ့ မြစ်ဝကျွှန်းပေါ်ဒေသတွေမှာ ကတော့ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ကတော့ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်း အမြင့်ပေကတော့ ၅-၇ပေလောက်ထိမြင့်တက်နိုင်ပါတယ်။

DVB TV - 01.09.2016

Recommended