DVB - ငြိမ်းချမ်းရေး ကုန်ကျစရိတ် ကိစ္စ သမ္မတရုံးဝန်ကြီးဌာန ရှင်းလင်း

  • 8 years ago
လက်ရှိသုံးစွဲနေတဲ့ ငြိမ်းချမ်းရေး ကုန်ကျစရိတ် တွေကို နိုင်ငံတော်အစိုးရရဲ့အသုံးစရိတ်တွေနဲ့သုံးစွဲနေတာမဟုတ်ပဲ ကုလသမဂ္ဂအောက်က အလှူရှင်တွေ တခြားနိုင်ငံတွေက အလှူရှင်တွေဆီကနေပြီး ရတာတွေရှိတယ်လို့ ၂၁ ရာစု ပင်လုံနဲ့ပတ်သက်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာတာဝန်ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြုလုပ်တဲ့ အစည်းအဝေးတွေရဲ့ကုန်ကျစရိတ်တွေကို နိုင်ငံတော်ဘတ်ဂျတ်ကနေ သုံးစွဲနေတာတွေရှိသလို အဖွဲ့အစည်းအလိုက် အလှူရှင်တွေကပေးတာတွေကိုတော့အစိုးရက ကြားကနေ ညှိနှိုင်းပေးတာတွေရှိတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

DVB TV - 01.09.2016