DVB Debate Report:"We can only control damage by people”

  • 8 years ago
“မြန်မာနိုင်ငံက သက်ရှိဇီဝမျိုးစုံမျိုးကွဲတွေကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ အခုအပတ်
ဒီဗီဘီ ဒီဘိတ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာသွားရောက်ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ဇိဝမျိုးစိတ်တွေ
ဟာ အစိုးရတွေရဲ့ညံဖျင်းတဲ့စီမံခန့်ခွဲမှု၊ရာသီဥတုဖောက်ပြန်မှုနဲ့ လူတွေရဲ့ပရောဂတွေကြောင်း လျှော့နည်း ပျောက်ကွယ်လာနေပါတယ်။ ဒါတွေကိုကာကွယ်ထိန်းသိမ်းဖို့ အစိုးရတစ်ခုတည်းမှာတင် တာဝန်ရှိတာမဟုတ်
ဘူးလို့ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးမောင်မောင်ဝင်း က ဒီဘိတ်မှာ ပြောဆိုပါတယ်။
ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ရာမှာ အပူချိန်တွေ အလွန်မြင့်တက်ပြီး ရေတွေခန်းခြောက်တာမျိုး စတဲ့ သဘာဝတရားကိုတော့ ထိန်းချုပ်လို့ မရနိုင်ပေမယ့် လူတွေရဲ့ လုပ်ရပ်ကြောင့် ပျက်စီးစေနိုင်တာမျိုးကိုတော့ ထိန်းချုပ်နိုင်တယ်လို့ ဒေါက်တာခင်နှင်းယုက ဒီဘိတ်မှာ အခိုင်အမာပြောပါတယ်။
အဲဒီလိုပဲ ဦးမောင်မောင်ဝင်းကလည်း ဥပဒေလိုအပ်ချက်၊ မူဝါဒလိုအပ်ချက်တွေရှိရင် ပြန်ပြင်ဖို့လိုအပ်ပြီး ပြည်သူအပါအ၀င် တခြားအစိုးရဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်မှအောင်မြင်မယ်လို့ ဆွေးနွေး
ပြောဆိုပါတယ်။

Recommended