DVB Debate Report: “Please accept the policy is not right”

  • 8 years ago
အခုအပတ်ဒီဗီဘီ ဒီဘိတ်ကို ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ခေါင်းစဉ်နဲ့
ပြုလုပ်ခဲ့ပါတယ်။ ဒီအပတ်မှာ ဦးဆောင်ဆွေးနွေးသူတွေအကြား အကြေအလည်ဆွေးနွေးဖြစ်ခဲ့ကြတာ
ကတော့ မော်တော်ယာဉ်စီမံခန့်ခွဲမှုပေါ်လစီနဲ့ပတ်သတ်ပြီးပဲဖြစ်ပါတယ်။ ရန်ကုန်နဲ့မန္တလေးလိုမြို့တွေမှာ
အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေဆိုးရွားလာနေတာဟာ ပေါ်လစီကြောင့်ဆိုတဲ့အပေါ် ဒီဘိတ်ဖြစ်ခဲ့ကြတာပါ။
၂၀၁၅ ဇန်န၀ါရီထိရရှိထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ယာဉ်အစီးရေ ၄၉ သိန်းကျော် ရှိပြီး အဲဒီထဲမှာ မော်တော်ကားအစီးရေ ၇ သိန်းနီးပါးရှိနေပါတယ်။

ရန်ကုန်မြို့မှာဆို မြို့ပေါ်သွားလာလှုပ်ရှားနေသူ ၃ သန်းဝန်းကျင်ရှိပါတယ်။ အဲဒီထဲက အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မော်တော်ယာဉ်ကို အသုံးပြု သွားလာနေကြတာဖြစ်ပါတယ်။ ၅ ရာခိုင်နှုန်းက
မီးရထားကို စီးနှင်းသွားလာနေတာပါ။ ဒီအပေါ်ကို ပြောင်းလဲပစ်နိုင်ရင် ယာဉ်ကြောပိတ်ဆို့မှုပြဿ
နာကို ဖြေရှင်းနိုင်မယ်လို့ ဒေါက်တာကျော်သူက အခိုင်အမာပြောဆိုပါတယ်။